မန္တလေး နိုဝင်ဘာ ၂
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၌ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက စာရင်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ဆေးရေးစီမံချက်နှင့် အညီစစ်ဆေး၍ စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာများကို အချိန်မီထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို ရုံးချုပ်နှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းအပြင် လုပ်ငန်းခွင်တွင် အသုံးချ ဆောင်ရွက်တတ်စေရန် ကြီးကြပ်ခြင်း၊ အသိပညာမျှဝေပေးခြင်းတို့ဖြင့် ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အတူ နည်းပညာအသုံးပြု၍ IT Audit စစ်ဆေးခြင်းကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးအတွက် ကွန်ပျူတာအခြေခံမှစ၍ အဆင့်မြင့် ပညာအထိ တတ်မြောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သတင်းအချက် အလက် လုံခြုံရေးကိုလည်း ဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက ဝန်ထမ်း အင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင် စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့ နံနက်ပိုင်းကလည်း မိတ္ထီလာခရိုင် စာရင်းစစ်ရုံး၌ ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်