ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော်   ၁၃   ဖေဖော်ဝါရီ

 

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့သို့ အမျိုးသား စီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၊ သတင်းအတတ်ပညာဌာနမှ ကြီးကြပ်သူဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ ကလျာဏယုဝ ခရစ်ယာန်အသင်းများ၏ အမျိုးသား ကောင်စီမှ လူငယ်အမျိုးသား/အမျိုးသမီးများနှင့် အုပ်ချုပ်သူများ၊ Y Max College၊  IT & Business Management Institute မှ ကြီးကြပ်သူများနှင့် သင်တန်းသား/သင်တန်းသူများနှင့်    လွှတ်တော် ကိုယ်စားလှယ်များမှ တဆင့်လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၃၄၆) ဦး တက်ရောက် လေ့လာခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့ အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၆၃,၆၂၂) ဦး ရှိကြောင်း၊ လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။

 

သတင်းစဉ်