ပြည်ထောင်စုလွှတ်တော်သို့လာရောက်လေ့လာ

နေပြည်တော် ၇  ဖေဖော်ဝါရီ

 

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ စုစုပေါင်း (၄၁၁) ဦး လာရောက်လေ့လာခဲ့ပြီး  အစည်းအဝေး ခန်းမကြီး အတွင်း၌ လွှတ်တော်ဆိုင်ရာ ဗဟုသုတများ၊ ဥပဒေပြုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၆၃,၁၃၅) ဦးရှိပြီး လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။

 

 (သတင်းစဉ်)