ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကျင်းပ 

နေပြည်တော် ဇန်နဝါရီ  ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က စိုက်ပျိုးရေး လုပ်ငန်းများတွင် ဧက(၃၀၀)အောက်နှင့် ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများ အတွက်ဧက(၅၀)အောက်လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေနေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေးနှင့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့်နေရာများကို ပြန်လည်သိမ်းဆည်းနိုင် ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်၍ဗဟိုကော်မတီသို့ တင်ပြ ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်တင်ပြလာသည့် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်    နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီ ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက  ဖြည့်စွက်ဆွေးနွေးသည်။ 

ထို့နောက် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး ဆက်လက်ကျင်းပရာ  နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက လယ်ယာမြေစီမံ ခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးဆုံး ဖြတ်ကြပြီး နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်