ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၂

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ() ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက် ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်အပေါ် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်အောင်ကြိုး ပမ်းကြရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အ ထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊   ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အကောင်အထည် ဖော်နိုင်မှု၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းခြင်း၊ အားနည်းချက်များကိုဖော်ထုတ်ပြုပြင်ခြင်း၊ ဖြည့်ဆည်း ဆောင်ရွက်ခြင်းတို့ဖြင့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင် ရာကဏ္ဍအလိုက်၊ ဒေသအလိုက် အချိတ်အဆက်မိမိဖြင့် လျာထားချက်ရာခိုင်နှုန်း ပြည့်မီကျော်လွန်ရေးနှင့် မျှော်မှန်းထားသည့် တိုးတက်မှုနှုန်းများရရှိရေးတို့အတွက် အားစိုက်ကြိုးပမ်းကြရန်နှင့် စဉ်ဆက်မပြတ် စိစစ်သုံးသပ်လျက် အကောင် အထည်ဖော်ဆောင်ရွက်ကြရန ်ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင်  ဦးဇေယျာလင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်  နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များကိုလည်းကောင်း၊ နေပြည်တော်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူး ဦးဝင်းကိုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်  နှစ်စဉ်စီမံကိန်းရည်မှန်းချက်များတွင် ကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က လယ်ယာကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာ ဌာနများကိုယ်စား နေပြည်တော်စိုက်ပျိုးရေးဦစီးဌာနသို့ တာဝန်ပေးအပ်ရာ နေပြည်တော် စိုက်ပျိုးရေးဦစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစန်းလွင်က လက်ခံရယူသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စက်မှုကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနသို့လည်းကောင်း၊   ဝန်ဆောင်မှုကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်များ၏ စီမံကိန်းရည်မှန်းချက် များကို လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့ လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်များ၏ စီမံကိန်းရည်မှန်းချက်များကို ဇေယျာသီရိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့ လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်များ၏ စီမံကိန်းရည်မှန်းချက်များကို ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊   နေပြည်တော် ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်များ၏ စီမံကိန်းရည်မှန်းချက်များကို ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊ တာဝန်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)