ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က    ရန်ကုန်တိုင်းဒေသကြီးနယ် မြေအခြေစိုက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီတို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က    ရန်ကုန်တိုင်းဒေသကြီးနယ် မြေအခြေစိုက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီတို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ကြီးကြပ်စစ် ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးအောင်မိုးမြင့်၊ ဦးကိုကိုလွင် နှင့် ဦးသန်းအောင်ကျော် တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လွှတ်တော်အဆောက်အဦရှိ ပယင်းခန်းမ၌ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ (People’s Pioneer Party)နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့မှ ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင်အင်အား ပြည့်မီအောင် စည်းရုံးထားရှိရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများသတ်မှတ်အရေအတွက်အတိုင်း စနစ်တကျဖွင့်လှစ်ထားရှိရေး၊ ပါတီဘဏ္ဍာ ရေးစည်းမျဉ်းများကို ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိရေး၊ ပါတီအလံနှင့် ဆိုင်း ဘုတ်များအသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွားကြ ရန်နှင့် စည်းရုံးရေးကာလအတွင်း ပြည်သူများအနှောင့် အယှက်မဖြစ်စေရေးသတိပြုအလေးထား ဆောင်ရွက်သွားကြရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည် ဖြစ်၍ မိမိပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့် အလမ်း ပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားကြရန်၊ ထွက်ပေါ်လာမည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ဆိုင်ရာ လမ်းညွှန်ချက်များအရ ရွေးကောက်ပွဲကာလအတွင်း အောက်ခြေပါတီဝင်အချို့၏ ဥပဒေနှင့် မညီသော စည်းကမ်းချိုးဖောက်မှုများကြောင့် သက်ဆိုင်ရာပါတီများအပေါ် အကျိုးသက်ရောက်မှု ကြီးမားလာနိုင်သဖြင့် ပါတီဝင်အဆင့်ဆင့်ကို ဥပဒေ စည်းကမ်းလိုက်နာရေး တာဝန်ယူထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ ရွေးကောက်ပွဲ ပွင့်လင်းမြင် သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွား မည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ဥက္ကဋ္ဌဦးဌေးကျော်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) ဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်တို့က ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်