ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၌ မြန်မာ အီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသပြီး စမ်းသပ်မဲပေးခြင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၈

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရေဆင်းဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရော နစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲ ပေးခြင်းများကို ဆောင်ရွက်ကြသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM) နှင့်စပ်လျဉ်း၍ ပြည်သူအများ သိရှိနားလည်မှုမြင့်တက်စေရန် မဲဆန္ဒရှင်အသိပညာ‌ ပေးလုပ်ငန်းတစ်ရပ် အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့သွားရောက်၍ လက်တွေ့သရုပ်ပြ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အခက်အခဲမရှိ အလွယ်တကူ ဆန္ဒမဲပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

 

မဲပေးမှုနှင့်စပ်လျဉ်း၍ မျက်မြင်တွေ့ရှိရသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ပြီး တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများ ကျင်းပ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

 

ယနေ့ ကျင်းပသည့် ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲသို့ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အရာထမ်း၊ အမှုထမ်း ၃၆၆ ဦး တက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)