ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသစ် ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းစစ်ဆေး

ရေနံချောင်း   ဇန်နဝါရီ   ၂၆

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်မိုးမြင့်နှင့် ဦးအောင်လွင်ဦးတို့ လိုက်ပါကာ ဇန်နဝါရီ ၂၆ ရက် နံနက် နာရီက မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ရောက်ရှိကာ ရုံးအဆောက်အအုံအသစ် ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဋ္ဌသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိတို့နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲ ကော်မရှင်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)