ရန်ကုန်  ဧပြီ (၂၃

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၄၆(စီ) အောင်တော်မူလမ်းသွယ်၊ သံလွင်လမ်း၊ ရွှေတောင်ကြား၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ ဟိုလီဆီး (ဗာတီကန် မြို့ပြနိုင်ငံ)သံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဌာန() ၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲ နာရီတွင် သွားရောက်လက်မှတ် ရေးထိုးသည်။

  

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဟိုလီဆီး(ဗာတီကန်မြို့ပြနိုင်ငံ)သံရုံးမှ သံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခဲ့ ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)