ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၌ ယဉ်ကျေးလိမ္မာနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်

နေပြည်တော် မေ ၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၊ လေ့ကျင့်ရေးအထက်တန်းကျောင်း၏ ယဉ်ကျေးလိမ္မာ သင်တန်းနှင့် အခြေခံ င်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားများကို အဆိုပါ လေ့ကျင့်ရေး အထက်တန်းကျောင်းနှင့် Theatre ခန်းမတို့၌ ယမန်နေ့ နံနက်ပိုင်းက သီးခြားစီကျင်းပသည်။

အဆိုပါသင်တန်းများကို မေလ ၄ ရက် မှ  ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်