ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၅

 

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၏ (၂၂)နှစ်မြောက် ကျောင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျောင်းဓမ္မာရုံ၌  သံဃာတော် ၉ ပါးအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားကိုကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး တစ်နှစ်တာအတွင်း သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိသူများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ကြားခဲ့သူများ၊ နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြခြင်းခံရသော ဆောင်းပါးရှင်များအား ဂုဏ်ပြုဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)