ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး“ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ခြင်း၊ နွား၊ ဆိတ်၊ ကြက်၊ ငါး  မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

နေပြည်တော်  အောက်တိုဘာ ၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်    ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး   မြထွန်းဦးသည်  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင်    စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက် တင်းတိပ်ကွင်းတွင် တည်ရှိသည့် “ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံ ရှင်းလင်းဆောင် ၌  ကျင်းပသော သဘာဝမြေသြဇာ စက်ရုံ တည်ဆောက်ခြင်းနှင့် နွား၊ ဆိတ်၊  ကြက်၊  ငါးမွေးမြူရေးဆိုင်ရာ    လုပ်ငန်းများ  ရှင်းလင်းတင်ပြခြင်း    အခမ်းအနားသို့ တက်ရောက်သည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ အခမ်းအနားသို့   တက်ရောက်လာ ကြသူများအား   “ပြည်ကျော်အောင်ဌေး”  ကုမ္ပဏီမှ တာဝန်ရှိသူ    ဦးကျော်ဌေးက သဘာဝမြေသြဇာစက်ရုံ တည်ဆောက် ခြင်း နှင့်   နွား၊  ဆိတ်၊  ကြက်၊  ငါးမွေးမြူ ရေးဆိုင်ရာလုပ်ငန်းများကို   ရှင်းလင်း တင်ပြသည်။

 

ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်      ကာကွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက လိုအပ်သည် များ  ဖြည့်စွက်မှာကြားသည်။  ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊    အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ က     သဘာဝမြေသြဇာအိတ်များကို တောင်သူများသို့    အခမဲ့ဖြန့်ဝေပေး သည်။

 

ကြည့်ရှုအားပေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသ ကြီး စစ်ကိုင်းခရိုင်   စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေးပြပွဲ နှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး     ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေကြာမျိုးစေ့များ၊ ဂျုံသီးနှံမျိုးစေ့နှင့်၊     ချည်မျှင်ရှည်  ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                     

သတင်းစဉ်