ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) နာယက၊ ဥက္ကဌနှင့် အဖွဲ့အားလက်ခံတွေ့ဆုံ

ရန်ကုန် မေ ၂၈


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် မေ ၂၇ ရက်ညနေပိုင်းတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) နာယက ဦးချမ်းသာ၊ ဥက္ကဌ ဦးဖိုးချစ်၊ ဒုတိယဥက္ကဌ(၁) ဦးမိုးဝင်းနှင့် ဒေါ်ပတ္တမြားကေခိုင် တို့ပါဝင်သော အဖွဲ့အား နေပြည်တော် ရှိပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်  မြန်မာ့သဘင် ဖွံ့ဖြိုးရေးအတွက်ကြိုးပမ်းနေမှုနှင့် ဆက်လက်လုပ်ကိုင် လိုသည့်လုပ်ငန်းရပ်များဆိုင်ရာကိစ္စ၊ သဘင်အစည်းအရုံးဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စ၊ သဘင်ရွာ တည်ထောင်ရေးကိစ္စနှင့် သဘင်အစည်းအရုံးမြေနေရာရရှိရေး ဆိုင်ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။


(သတင်းစဉ်)