ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တီမောလက်စ်တေ သံအမတ်ကြီး Mr. Joao Freitas de Camara နှင့် တွေ့ဆုံ

နေပြည်တော် ၁၀ ဇူလိုင် 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့မွန်းလွဲ (၂)နာရီက မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Joao Freitas de Camara အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးမွေးမြူရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ကော်ဖီသီးနှံအပါအဝင် လယ်ယာထွက်ကုန်နှင့် မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်မှု၊ ကုန်းမြင့်စိုက်ပျိုးရေးနှင့် ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာဖလှယ်ရေး၊ ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် အဆင့်မြင့် နည်းပညာအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ လက်ရှိ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်သွယ်လိုမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။ 

သတင်းစဉ်