ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင် မြင်ခဲ့ကြသည့် ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်

 

 

နေပြည်တော် ဇွန် ၃၀

 

၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတက်ရောက်၍  ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

 

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား၊ သမီးများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် အနာ ဂတ်နိုင်ငံ တော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက် သစ်များ၏  ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့် အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန် တိုက်တွန်းနှိုးဆော်သည့် သဘောဖြစ်ကြောင်း။

 

မျိုးဆက်သစ် မောင်တို့၊ မယ်တို့အနေဖြင့် တိုးတက်ပြောင်းလဲမှုနှင့် အတတ်ပညာ၊ နည်းပညာသစ်များကို အမီလိုက်နိုင်ရန် အစဉ်ကြိုးစားအားထုတ်နေရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်း ကျောင်းအတွက် ဘွဲ့လက်မှတ်တစ်ခု၊ Certificate တစ်ခုရရုံနှင့် ရောင့်ရဲမနေ ကြဘဲ Life Long Learning ဆိုသည့်အတိုင်း စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန် လိုကြောင်း၊ အသိပညာ၊ အတတ်ပညာကြွယ်ဝပြီး ဘက်စုံတော်သည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားအားထုတ် ရန်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူ(၂)ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက  (၃)ဦးကိုလည်းကောင်း၊ ညွှန်ကြားရေး မှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား မြန်မာတစ်နိုင်ငံလုံး တွင် အဆင့်(၅)နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အဆင့်(၁)ရရှိခဲ့သည့် (၆)ဘာသာဂုဏ်ထူးရှင် မဆုလဲ့ ရတနာက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

 

၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းသား၊ သမီး(၁၂၈)ဦးအောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၅)ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာဂုဏ် ထူးရှင် (၁၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၆)ဦး စုစုပေါင်း (၅၅)ဦး ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)