ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)  ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဧပြီ 

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် () သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး အောက်စီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ ရေသန့်စင်စက်ရုံ၊ သံရည်ကျို အလုပ်ရုံတို့တွင် တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာ များအား စစ်ဆေးပြုပြင်နေမှု၊ စက်ပစ္စည်း ကိရိယာများတပ်ဆင်နေမှုလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအခြေ အနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ 

 

ကြည့်ရှုစစ်ဆေးစဉ်ပြည်ထောင်စုဝန်ကြီးက စက်ရုံပြန်လည် လည်ပတ်နိုင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက် အချိန်မှစ၍ ယနေ့အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို စနစ်တကျ မှတ်တမ်းထားရှိ၍ သိမ်းဆည်း ထားရန်၊ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးသည့် အလုပ်ရုံခွဲ(၁၉)ရုံတို့ရှိ စက်ပစ္စည်း ကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ စက်တပ်ဆင်ရေးလုပ်ငန်း များကို သတ်မှတ်အရည်အသွေးများနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ ပြီးစီးပါက လွတ်လပ်သော ပြင်ပ ပညာရှင်များအဖွဲ့ (Third Party) ဖြင့် စစ်ဆေးသွားရန်၊ နိုင်ငံတော်အတွက် လိုအပ်သည့်အထူးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် မိမိတစ်ဦးတည်း တတ်မြောက်နေရုံဖြင့် မပြီးဘဲ လက်အောက် ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားပေးရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံစားရိပ်သာ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပုဒ်မများကို အသေးစိတ်ပြန်လည် ရှင်းလင်းပြောကြားပြီး ယခုရှင်းလင်းပြောကြားခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ဝန်ထမ်းများ၏ ဆွေမျိုးများ၊ နီးစပ်ရာအသိုင်းအဝိုင်းတို့တွင် ထပ်ဆင့် ပြန်လည်ရှင်းလင်းပြောကြားရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကျင့်သုံးသည့်နိုင်ငံရှိသလို မကျင့်သုံးသည့် နိုင်ငံများလည်းရှိကြောင်း၊ အချို့နိုင်ငံများတွင် အရေးပေါ်အခြေအနေဖြစ်ပေါ်မှသာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က တစ်ဦးချင်းစီ၏ သဘောဆန္ဒအရသာ စစ်မှုထမ်းဆောင်ခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးသည့် နိုင်ငံများအတွက် အလွန်အရေးပါသည့် ဥပဒေဖြစ်ကြောင်းများကို ဆွေးနွေး ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသည့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)