နေပြည်တော်   ဧပြီ   ၂၃

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်နှင့် တာဝန်ရှိသူများအား ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) ပြည်ထောင်စုဝန်ကြီးရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ငလျင်ဒဏ်သင့် အစိုးရအဆောက်အဦများနှင့် မြို့ပြအဆောက်အဦများ စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် UN-Habitat လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အဆောက် အဦများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ်ခံနိုင်ပြီး ကြံ့ခိုင်မှုရှိ စေရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်အင်ဂျင်နီယာများမှ နည်းစနစ်နှင့်အညီ စစ်ဆေးတည်ဆောက်ရန်ကိစ္စရပ်များ၊ အဆောက်အဦများ တည်ဆောက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၏ အရည် အသွေးများနှင့် အသုံးပြုသည့်နည်းစနစ်များ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် အဆင့်မီဖြစ်စေရေး သတ်မှတ်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြို့ပြအဆောက်အဦများသာမက စက်မှုဇုန်များ အကောင်အထည် ဖော်တည်ဆောက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့စည်းထားရှိသည့် အသင်းအဖွဲ့အသီးသီး၏ အသိအမှတ်ပြုလက်မှတ်ရ ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စစ်ဆေးအတည်ပြု ဆောင်ရွက် နိုင်ရေးတို့အတွက် ဥပဒေ၊ နည်းဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်း နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)