ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ   Mr. Solonetsky Vitaly ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ငွေပေးချေမှုစနစ် လွယ်ကူချောမွေ့စေရေး၊ သတင်းအချက်အလက်နှင့် နည်းပညာနယ် ပယ်တွင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းများ အချင်းချင်း တွေ့ဆုံဆွေးနွေးမှု (Business Matching) များဆောင် ရွက်ရေး၊  မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ် ကုန်များကို ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေးနှင့် ဈေးကွက်ရရှိရေး မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရုရှားစီးပွားရေး လုပ်ငန်းရှင်များ ထံသို့ သိရှိပြန့်နှံ့စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်