နေပြည်တော် ဒီဇင်ဘာ ၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာအော်လ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကိုယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေး၊ စိုက်ပျိုးရေးကဏ္ဍအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်အသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
သတင်းစဉ်