ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်  နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့်တွေ့ဆုံ

 

နေပြည်တော် မတ် ၂၉

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ =ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များအနေဖြင့် ပင်မတာဝန်များ ထမ်းဆောင်ရာတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းဥပဒေများ ခိုင်ခိုင်မာမာရှိပြီး စနစ်တကျ အသုံးချရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှချမှတ်ပြီးဖြစ်သည့် ရှေ့လုပ်ငန်း စဉ်များ၊ ဦးတည်ချက်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေး နိုင်မည့်  အရည်ချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအား စဉ်ဆက်မပြတ် မွေးထုတ်သွားရန် လိုအပ်ကြောင်း၊ ရည်မှန်းချက်တာဝန်အပေါ်အခြေခံ၍ ရေရှည်မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက စနစ်တကျ စီမံချက်များ ချမှတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းစဉ်များကို တင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်းပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)