ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေ မာန်အောင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မာန်အောင် ဇန်နဝါရီ ၂၆

 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိ သူများသည် ယနေ့မွန်းလွဲပိုင်းတွင်   မာန်အောင်မြို့နယ် မိမ္မကြွယ်ရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှု ကောင်းမွန်ရေးနှင့် ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသောအရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်  ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်၍ ပညာရေးအရည်အသွေး တိုးတက်အောင် စေတနာထား ကြိုးစားသင်ကြားပေးစေလိုပါကြောင်း မှာကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မာန်အောင်မြို့နယ် အခြေခံပညာ အလယ်တန်း ကျောင်းခွဲ (ကျူ) ၊ အခြေခံပညာ အလယ်တန်းကျောင်း (ပြင်ကောက်)၊ အခြေခံပညာ အထက်တန်းကျောင်း (ကမား)၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (အိုးဝ)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း စွန်းပန်းချောင်း (အောက်)၊  အခြေခံပညာ အထက်တန်းကျောင်း (သစ်ပုံ)၊ အခြေခံပညာ မူလတန်းကျောင်း (ကျူပေကုန်း)၊ အခြေခံပညာ အထက်တန်းကျောင်း (ဇရပ်ကုန်းခင်)၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ဘူးရေမျက်)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (ဘုရားကြီးကုန်း)၊ အခြေခံပညာ မူလတန်းကျောင်း (ကုန်းခင်)၊ အခြေခံပညာအထက်တန်းကျောင်း (ဆင်နားချောင်)၊ အခြေခံပညာ မူလတန်းကျောင်း (တောထူ) ကျောင်းများသို့  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ဆရာဆရာမများ၏  သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်