နေပြည်တော် ဇွန် ၁၈
အမျိုးသမီးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်သည် Nay Pyi Taw State Academy ၌ ကျင်းပသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်ဖွင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရန်နှင့် Gender Mainstreaming လုပ်ငန်းရပ်များမှာ စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် မူဝါဒများ၊ မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များမှာ ကျား၊ မ ရေးရာအမြင်ထည့်သွင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု အစီအစဉ်အနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ၊ ပဒေသာကပွဲပြုလုပ်ခြင်း၊ သစ်ပင် စိုက်ပျိုးပွဲနှင့် စာတမ်းဖတ်ပွဲပြုလုပ်ခြင်းတို့များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ NSA က တာဝန်ရှိသူများနှင့် ကျောင်းသူ ကျောင်းသားများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြများက မိတ်ဆက်ခဲ့ပြီး အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသမီးရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော် State Academy မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


