ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် “မောင်ရေခဲ/ မရွှေဖဲနှင့် အာဆီယံခရီးသွား” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ  

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် မောင်ရေခဲ/ မရွှေဖဲ နှင့် အာဆီယံခရီးသွားအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အခြေခံပညာမူလတန်း မြန်မာစာ သင်ခန်းစာများတွင် ဒေါက်တာမောင်ဖြူး၏ “မောင်ရေခဲနှင့် မရွှေဖဲ”  ကဗျာများကို ပြဋ္ဌာန်းခဲ့ဖူးပါကြောင်း၊ အဆိုပါကဗျာများတွင် ခရီးသွားလုပ်ငန်း၏ အခြေခံသဘောသဘာဝများ ပါဝင်နေခြင်းကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာတွင် ယခုခေါင်းစဉ်အားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံအသီးသီးက ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးရန် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်း အဝေးများနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်၂၀၂၂ ကို ဇန်နဝါရီ (၁၇) ရက်မှ (၂၀) ရက်အထိ ကမ္ဘော ဒီးယားနိုင်ငံ၊ ပရီဆီဟာနုပြည်နယ်တွင် ကျင်းပခဲ့ရာ မိမိဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း။

 

မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံခရီးသွား လုပ်ငန်းများမြှင့်တင် ဆောင်ရွက်ရေးအတွက် လေကြောင်းလိုင်းများ ပျံသန်းနိုင်ရေး၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတိုးမြှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အခြားဆက်စပ်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်၂၀၂၂ သို့ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပါဝင်တက်ရောက်ခဲ့မှု၊ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဖြစ်ပေါ်နေမှုနှင့် မြန်မာနိုင်ငံအား အာဆီယံနှင့် ကမ္ဘာကကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်မြှင့်တင်ကြော်ငြာရာတွင် အစိုးရပုဂ္ဂလိကပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းက အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နေမှု၊ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက် နေမှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ဆွေးနွေးမှုများအပေါ် အဖွဲ့()ဖွဲ့ခွဲ၍ အာဆီယံခရီးသွားလုပ်ငန်း အရည်အသွေးမြှင့်တင်ရေး၊ အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံခရီးသွားလုပ်ငန်း မူဝါဒလမ်းညွှန်ချက်များနှင့် အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရေးစသည့် ခေါင်းစဉ်()ခုဖြင့် အဖွဲ့လိုက်ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့()ဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဝိုင်းဖွဲ့ဆွေးနွေး တင်ပြကြကာ တက်ရောက်လာသူများ မေးမြန်းဆွေးနွေးမှုများအပေါ်  ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက်အလုပ်ရုံဆွေးနွေးပွဲ သဘာပတိက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက် ကိုယ်စားပြုသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)