ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်ဖန်တီးဆောင်ရွက်နေမှုများ ကြည့်ရှု 

နေပြည်တော် ဇန်နဝါရီ ၂၈
    
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင် စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ မြို့ပြအင်္ဂါရပ် နှင့်ညီညွတ်မှုရှိပြီး စိမ်းလန်း သာယာလှပသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် Jasmine Nay Pyi Taw Hotel ၌  နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကို နိုင်ငံ၏မြို့တော်၊ အုပ်ချုပ် ရေးမြို့တော်အဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားရှိကြောင်း၊  ထို့ကြောင့် လမ်းပန်း ဆက်သွယ်ရေးစနစ်၊ ရေစီးရေလာကောင်းမွန်ရေးစနစ်တို့ အပါအဝင် အပန်းဖြေအနားယူ နိုင်သည့်နေရာများ၊ ခရီးသွားဆွဲဆောင်ရာနေရာများ၊ တည်းခိုနေထိုင်ရန် ဟိုတယ်ဇုံများကို မြို့ပြစီမံခန့်ခွဲမှုစနစ်များနှင့်အညီတည်ဆောက်ထားရှိကြောင်း၊ နိုင်ငံတကာအဆင့်မီ အပြည် ပြည်ဆိုင်ရာလေဆိပ်ကြီးတည်ရှိနေသဖြင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းများရှိကြောင်း။

နေပြည်တော်ကို  Green City၊ Clean City၊ Smart City၊ ဖြစ်အောင် မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပူဇော်လျက်ရှိရာ အံ့ဖွယ်ရုပ်ပွားတော်ကြီး အဖြစ်ပေါ်ထွက်လာမည်ဖြစ်သဖြင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပ ဘုရားဖူးများ လာရောက် တည်းခိုနေထိုင်မှုများရှိလာမည်ဖြစ်ကြောင်း၊  ဟိုတယ်များအနေဖြင့် ဝန်ဆောင်မှု ကောင်းများပေးစွမ်းနိုင်ရေးအတွက်အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊

ထို့ကြောင့် ခရီးသွားများ အပန်းဖြေ အနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များဖြင့် Green Zone များ ဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးနှင့် Health and Safety Protocols-HSP အစီ အစဉ်များနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် တို့ကိုလည်း လိုက်ပါအသုံးပြုကြရန် လိုအပ်ကြောင်း၊ ဟိုတယ်များအနေဖြင့် လုံခြုံရေး ၊ ညအချိန်ရောင်စုံမီးလုံးများ ထွန်းလင်းထားရှိရေးတို့ကို အထူးအလေးထား ဂရုတစိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်