ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေး

နေပြည်တော် ဧပြီ ၁၄

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီးတို့သည် ယမန်နေ့က ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းများ၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများ၊ ၎င်းတို့၏ ဇနီးများနှင့်အတူ နေပြည်တော်ရှိ ဝန်ကြီးဌာန၏ ရုံးဌာနများနှင့် မြန်မာ့မီးရထားရုံးချုပ်တို့၌ ကျင်းပသည့် ၁၃၈၃ ခုနှစ်၊ ဝန်ကြီးဌာန၏ မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၅)၊ ခန်းမဆောင်၌ ကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်အကြို ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ထမ်းများက သင်္ကြန်ယိမ်းအကများ၊ သီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ကပြဖျော်ဖြေသော ဝန်ထမ်းများကို ဂုဏ်ပြုဆုချီးမြှင့်၍ သင်္ကြန်ရေပက်ဖျန်းကြသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၂) သို့လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၂၉) ခန်းမဆောင်ကြီးသို့လည်းကောင်း၊ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်ရှိ မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော် ဘူတာကြီးနယ်မြေ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ် ဖွင့်ပွဲသို့လည်ကောင်းရောက်ရှိပြီး ဝန်ကြီးဌာန၏ ဝန်ထမ်းအမျိုးသမီးငယ်များ၏ ယိမ်းအကအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ကပြ၊ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က အကအဖွဲ့များကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။ ထို့နောက် ဧည့်သည်တော်များနှင့် ဝန်ထမ်းမိသားစုများသည် သင်္ကြန်အကြိုနေ့ အထိမ်းအမှတ်အဖြစ် ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်