ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု၊  မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားများ တက်ရောက်

 

စစ်တွေ     ဇွန်    ၇

 

စစ်တွေမြို့၌  ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီး     ထွန်းထွန်းနောင်သည်  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊    ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သူနာပြုနှင့်     သားဖွား သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုပြီး  မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်းနှင့်       စပါးမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်သည်။

 

မှာကြား

ဦးစွာ    ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည်  စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းခန်းမ၌ ကျောင်းအုပ် ဆရာမကြီးနှင့်  ဆရာ   ဆရာမများ၊ သင်တန်းသား   သင်တန်းသူများ နှင့်တွေ့ဆုံ၍  မိမိတို့သင်ကြားရသည့် ဘာသာရပ်များကိုကျွမ်းကျင်စွာတတ်မြောက်အောင်  ကြိုးစားသင်ယူကြစေလိုကြောင်း၊ သင်တန်း ပြီးဆုံး၍  ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင်လည်း ဝါသနာ၊ စေတနာ အရင်းခံပြီး  ကြင်ကြင်နာနာ ကုသပေးကြစေလိုကြောင်း၊  နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု   လုပ်ငန်းများတွင် အားကိုးအားထား ပြုရသည့်သူ များဖြစ်အောင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း မှာကြားသည်။

 

ထို့နောက် စာသင်ဆောင်၊ ထမင်းစားဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှုစစ်ဆေးကာ    သင်တန်းသား  သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ယင်းနောက်    ဒုတိယဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်နှင့်  အဖွဲ့သည်  စစ်တွေမြို့နယ်  ပျားလည် ချောင်းကျေးရွာ၌ ကျင်းပသည့် မိုးစပါးစံပြစိုက်ကွက်     သရုပ်ပြထွန်ယက်ခြင်းနှင့်      စပါးမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင်  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က အမှာစကား ပြောကြားကြပြီး  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယဝန်ကြီး    ဒေါက်တာတင်ထွဋ်က မိုးစပါးစံပြစိုက်ကွက်    သရုပ်ပြထွန်ယက်ခြင်း၊  စပါးမျိုးစေ့များ ထောက်ပံ့         ပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍     ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးများက ပျားလည် ချောင်းကျေးရွာ         တောင်သူ လယ်သမားများအတွက်  စိုက်ပျိုး ရေးဦးစီးဌာန      မျိုးစေ့ဌာနခွဲက ထုတ်လုပ်သည့် ဆင်းသွယ်လတ် စပါးမျိုးစေ့နှင့် GW-11 စပါးမျိုးစေ့ အိတ်များကို  ထောက်ပံ့ပေးအပ်ပြီး  ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက်  တက်ရောက်လာသူများက ပျားလည်ချောင်းကျေးရွာ မိုးစပါးစံပြစိုက်ကွက်များတွင်   ရခိုင်ပြည်နယ်   ဖွံ့ဖြိုးတိုးတက်ရေး  စီမံကိန်းအတွက် ပေးပို့ထားသည့်  နယူးဟော်လန်  ထွန်စက်များ ဖြင့် သရုပ်ပြထွန်ယက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်    အဖွဲ့သည် စစ်တွေမြို့နယ်  ရွာသစ်ကေ ကျေးရွာ၌ ကျင်းပသည့်   မိုးစပါးစံပြစိုက်ကွက်  သရုပ်ပြထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့   တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်က အမှာစကားပြောကြားပြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိုးစပါးစံပြ စိုက်ကွက် သရုပ်ပြထွန်ယက်ခြင်း၊  စပါးမျိုးစေ့များ  ထောက်ပံ့ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

ထောက်ပံ့ပေးအပ်

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးများ၊  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများက ရွာသစ် ကေကျေးရွာရှိ တောင်သူလယ် သမားများအတွက်    စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက ထုတ်လုပ် သည့်  ဆင်းသွယ်လတ် စပါးမျိုးစေ့၊ GW-11 စပါးမျိုးစေ့  အိတ်များနှင့်  ဟင်းသီးဟင်းရွက် မျိုးစေ့များကို  ထောက်ပံ့ပေးအပ် ပြီး  ရွာသစ်ကေကျေးရွာ  မိုးစပါးစံပြစိုက်ကွက်များတွင် နယူးဟော်လန် ထွန်စက် များဖြင့် သရုပ်ပြထွန်ယက်နေမှုကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ  အခမ်းအနားများတွင် ဒုတိယဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်က နိုင်ငံတော်အစိုးရအနေ ဖြင့်   မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို အားသွန်ခွန်စိုက်  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးအပိုင်းတွင် ရာသီချိန်အမီ    ထွန်ယက်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထွန်စက်များဖြင့်  ကူညီထွန်ယက် ပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့်  မျိုးစပါးများ   ဖြန့်ဝေထောက်ပံ့ပေးခြင်း၊      ရေငန်တားတာများ ပြုပြင်ပေးခြင်းများကို  ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေး        လုပ်ငန်းများ ဆောင်ရွက်ရာတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများကို  အဓိကဦးစားပေး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်း        ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ သွင်းအားစု၊ နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးဆောင်ရွက်သွား ကြရန်လိုကြောင်း၊ အားလုံးပူးပေါင်းပါဝင်သည့် လက်လှမ်းမီ သီးနှံပုံစံ သုတေသန လုပ်ငန်းများကိုလည်း    တစ်ပါတည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  ယခင်အခြေအနေ ထက်  ပိုမိုသာလွန်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေ ဖြင့် အားသွန်ခွန်စိုက်  ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူလယ်သမားများ၏  လယ်ယာမြေများကို ကူညီထွန်ယက်ပေးရန် ဇွန် ၃ ရက် က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ ပေးပို့သည့် နယူးဟော်လန် ထွန်စက် ၃၃ စီး  စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်၌ ယခင်ထွန်စက် ၄၇ စီးရှိပြီးဖြစ်သဖြင့် စုစုပေါင်း ထွန်စက် အစီး ၈၀ ဖြင့် ရာသီအမီ  စိုက်ပျိုးနိုင်ရေးအတွက် ကူညီထွန်ယက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး   ဌာနအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း သမဝါယမ စနစ်ဖြင့် မိုးစပါးဧက၁၀၀၀၀  စိုက်ပျိုးသွားမည်ဖြစ်သည်။

 

 ရခိုင်ပြည်နယ်အတွင်း ဇွန် ၁ ရက်က     ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့ပြီး   အခြေခံပညာ ကျောင်းများတွင်  ကျောင်းအပ်နှံမှု နှင့် ပညာသင်ကြားနေမှုအနေဖြင့် ဇွန်  ၆  ရက်အထိ    အထက်တန်း အဆင့်၌ ၃၁၂၆၇၆ ဦး၊  အလယ် တန်းအဆင့်၌  ၁၀၀၈၁၅ ဦးနှင့်  မူလတန်းအဆင့်၌   ၅၁၇၁၉   ဦး စုစုပေါင်း ကျောင်းသားဦးရေ ၄၆၅၂၁၀ ကျောင်းအပ်နှံသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်