ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟို လေ့ကျင့်ရေးကျောင်းနှင့် ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ  ၈   

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဉီးစွာကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက် ထားရှိမှုနှင့် စပ်လျဉ်း၍တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ ထို့နောက် သင်တန်းခန်းမ၌ ဗဟိုလေ့ကျင့်ရေးကျောင်းနှင့် ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝန်းအတွင်းရှိ စားရိပ်သာများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ သင်တန်းခန်းမဆောင်၊ စာကြည့်တိုက်၊ ဆောက်လုပ်ဆဲ  လေးထပ်အိပ်ဆောင်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာများတွင် ဆောင်ရွက်လျက်ရှိသည့် Green House များနှင့် ငါးကန်တွင် ငါးမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ခရိုင်ကြီးကြပ်ရေးမှူးက ဂိုဒေါင်အတွင်း သိုလှောင်ထားရှိသည့် ယန္တရား ကြီးများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ၏ အခြေအနေများ၊ လေပြင်းတိုက်ခတ်မှုကြောင့် ယန္တရား သိုလှောင်ရုံများ ချို့ယွင်းမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယာဉ်၊ ယန္တရားကြီးများ၏ ထိန်းသိမ်းထား ရှိမှုနှင့် ကြံ့ခိုင်မှုတို့ကို  စစ်ဆေး၍ ဝန်ထမ်းမိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရာသီသီးနှံ စိုက်ခင်းများ၊ ကြက်ခြံနှင့် ငါးမွေးမြူရေးကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)