ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၂၄

 

ပြည်သူကို  ဥပဒေဝန်ဆောင်မှုပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ မှန်ကန်စွာ အလုပ်အကျွေးပြုနိုင်ရေး အတွက် ခရိုင်အသစ်များဖွဲ့စည်းပြီး လုပ်ငန်းများ အောင်မြင်ပြီးမြောက်စွာဆောင်ရွက်နိုင်ရန် ခရိုင်ရုံး အဆောက်အအုံများ   အဆင်ပြေစေရေးကိစ္စနှင့် စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး  ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးသည်  ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီက  ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်ဥပဒေရုံးသို့ လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် တောင်ကြီးခရိုင်ဥပဒေရုံးရှိ ဥပဒေအရာရှိ များ၊ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင်   ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန ၏ လက်ရှိနှင့်မျှော်မှန်းလုပ်ဆောင်ချက်များ၊ ဥပဒေ နှင့်အညီ    ဥပဒေအကြံဉာဏ်များပေးခြင်း၊    အမှု လိုက်ပါဆောင်ရွက်ခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများကင်းရှင်းရေး၊ ရုံးစာများ၊ Zoom အစည်းအဝေးများ  လုံခြုံစွာဆောင်ရွက်ရေး၊   အွန်လိုင်းဆိုင်ရာ ကိစ္စများနှင့်   လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာများကို လမ်းညွှန်မှာကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့      ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ်     ဒေါက်တာသီတာဦး၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ် ဥပဒေအရာရှိ ဦးအေးလွင်၊        ကလောခရိုင်နှင့် တောင်ကြီးခရိုင်အတွင်းရှိ          ဥပဒေအရာရှိများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်