ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တရုတ်နိုင်ငံ၊ တိဘက်ပြည်သူ့ကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား တွေ့ဆုံ

ရန်ကုန်  ၁၆   ဇွန်   
    

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တိဘက်ပြည်သူ့ ကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.ChengSiqu နှင့် အဖွဲ့အား ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန (ရန်ကုန်ရုံးခွဲ) ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

mdn


    

တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံသာသနာရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးစသည့် နယ်ပယ်အသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ တိဘက်ဒေသနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
    

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇ သင်္ဂဟလမ်းတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အလှူရှင် ဦးနိုင်မောင်သိန်း၊ အမှတ်(၄၆)(E)၊ ဘိုးစိန်လမ်းသွယ်၊ နတ်မောက်ရပ်ကွက်၊ တာမွေ မြို့နယ်ကအလှူငွေ ကျပ် သိန်း(၃၀ဝ)၊ ဒေါ်မိခင်ညွှန့်၊ အမှတ်(၇၅)ဓမ္မာရုံလမ်း၊ ၁၃ ရပ်ကွက်၊ ရန်ကင်းမြို့ နယ် မိသားစုကအလှူငွေကျပ် သိန်း(၃၀ဝ)နှင့် ပရိယတ္တိ စာအောင်ဆုငွေ ပဒေသာပင် အတွက် အလှူငွေကျပ် သိန်း(၂၀ဝ) တို့ကိုပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကို က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။

 

( သတင်းစဉ် )