ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး  နယူးဒေလီရှိ တောင်အာရှနိုင်ငံခြား သတင်းထောက်များအသင်း ဥက္ကဋ္ဌ  Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇွန် ၇

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် နယူးဒေလီရှိ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း  (The Foreign Correspondents’ Club of South Asia – FCC )  ဥက္ကဋ္ဌ  Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေနှင့် ဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်မျာကို ဆွေးနွေးပြောကြားပြီး  မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး၊ မြန်မာနှင့် ယခင်ဗြိတိသျှ အိန္ဒိယဒေသ၌ ပါဝင်ခဲ့သောနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ မြန်မာနှင့် အိန္ဒိယ အရှေ့မြောက်ဒေသပြည်နယ်များအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဒေသခံပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး Mr. Shirumalla Venkat Narayan က သိရှိလို၍ မေးမြန်းသည့်အချက်များကို ရှင်းလင်းပြောကြားသည်။

 

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။    

(သတင်းစဉ်)