နေပြည်တော် ဇွန် ၁

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ National Wood သစ်အချောထည်စက်ရုံသို့ ရောက်ရှိကာ စက်ရုံအတွင်း သစ်အချောထည်များ ထုတ်လုပ်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ရွာသာကြီး သစ်တောပျိုးဥယျာဉ်သို့ ရောက်ရှိရာ ပျိုးဥယျာဉ်တာဝန်ရှိသူက ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပွဲများအတွက် လိုအပ်သောပျိုးပင်များ ဖြန့်ဝေပေးနိုင်ရန်နှင့် ပျိုးပင်များ ဖြန့်ဝေရာတွင် တစ်ပင်စိုက်တစ်ပင် ရှင်သန်နိုင်အောင် လိုအပ်သည့် နည်းစနစ်များ ကူညီပေးသွားရန်၊ အခြားဒေသများမှ ပျိုးပင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် အရန်ပျိုးပင်များ ပျိုးထောင်ထားရှိရေး မှာကြားပြီး ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထိန်းသိမ်းထားမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်