ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇွန်   ၂၈

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ရီသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်      ပူးပေါင်းဆောင်ရွက်ရေး အသင်း    ဒုတိယဥက္ကဋ္ဌ   မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်    ကိုယ်စားလှယ် အဖွဲ့အား  ယနေ့  မွန်းလွဲ  ၂  နာရီ တွင် နေပြည်တော် ရုံးအမှတ်(၁၉) ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

 

ထိုသို့     တွေ့ဆုံစဉ်    ရုရှား-မြန်မာ  နှစ်နိုင်ငံအကြား   ဓာတ်သတ္တုကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဓာတ်သတ္တု ရှာဖွေရေးလုပ်ငန်းများနှင့် ဆင့်တက်ပြုပြင်ခြင်းလုပ်ငန်းများတွင်  နည်းပညာ အကူအညီများ ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

 

တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့်    ဌာနအကြီးအမှူးများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်