ပြည်ထောင်စုဝန်ကြီး ဦးကိုကို   ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့်တွေ့ဆုံ

ရန်ကုန် ဇူလိုင် ၂၀

 

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၃  နာရီတွင် ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဂေါပကစည်းမျဉ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဘုရားဖူးပြည်သူ များ ကိုဗစ်−၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖူးမြော်နိုင်ရေး ဆောင်ရွက်ကြရန်၊   ရွှေတိဂုံစေတီတော် ကြီး၏ သာသနိက အဆောက်အဦများ ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုမရှိစေရေး ပွင့်လင်းရာသီတွင် ပြုပြင်ဆောင်ရွက်ရန်  ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဂေါပကအဖွဲ့ဝင်များက ဖွဲ့စည်းပုံနှင့် လက်ရှိလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ  ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)