ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း ဥက္ကဋ္ဌဟောင်းအား လက်ခံတွေ့ဆုံ

နေပြည်တော် မေ   ၁၀

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCJ)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr. KHALDON AZHARI အား ယနေ့ ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့်  နိုင်ငံတကာ မီဒီယာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)