ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရန်ကုန်မြို့၊ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/  သံအမတ် Dr. Rashid Abdulla AL-Kuwari အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၁

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် Dr. Rashid Abdulla AL-Kuwari အား ယနေ့  မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် Dr. Rashid Abdulla AL-Kuwari တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍတို့တွင် ကာတာနိုင်ငံအနေဖြင့် ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလာမှု အခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)