ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၆

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်က မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်  ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိသည့်ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများမှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

သတင်းစဉ်