ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ထောက်ရှာပင်ရေနံမြေ၊ မန်းရေနံမြေနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ‌(မင်းဘူး) စက်ပြုပြင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၇ 

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက် အောက်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေ၊ မန်းရေနံမြေနှင့် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)တို့ကို သွားရောက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့စူစမ်းရှာဖွေရန် တွင်းအမှတ် ၈၈၅ တူးဖော်မှုနှင့် စက်ရုံပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းလက်အောက်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်မှ လိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အလားအလာအသစ်များ စူးစမ်းရှာဖွေကြရန်လိုအပ်သကဲ့သို့ လက်ရှိထုတ်လုပ်နေမှုကို ရေရှည်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုပြင် နိုင်ငံတော်မှ အားပေးဆောင်ရွက်နေသဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာသစ်များအသုံးပြု၍ ရှာဖွေဆောင်ရွက်ခြင်း၊ လုပ်ငန်း သုံးစက်ပစ္စည်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဖြည့်ဆည်းရေး လေ့လာသုံးသပ် တင်ပြရန်လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများအား အဖျက်အမှောင့် လုပ်ငန်းများမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး တွင်းအမှတ် ၈၈၅ တူးဖော်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန်းရေနံမြေသို့ရောက်ရှိပြီး ထောက်ရှာပင်-ကမ်းနီရေနံမြေနှင့် မန်းရေနံမြေများမှ ထွက်ရှိသောရေနံစိမ်းကို ရေနံချက်စက်ရုံ၏ ကုန်ကြမ်း အဖြစ်လည်းကောင်း၊ မန်းရေနံမြေမှ ထွက်ရှိသောသဘာဝဓာတ်ငွေ့ကို ရေနံဓာတ်ငွေ့ ရည်စက်ရုံ (မင်းဘူး)မှ ကုန်ကြမ်းအဖြစ်လည်းကောင်း၊ အသုံးပြုလည်ပတ် သဖြင့်စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေး အင်ပြည့်အားပြည့်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ရေနံမြေစုပေါင်းခန်းမတွင် ရေနံမြေဝန်ထမ်း များနှင့်မိသားစုဝင်များအားတွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေးနှင့်သက်သာ ချောင်ချိရေး ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) သို့ရောက်ရှိပြီး စက်ပြုပြင် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် Procedure နှင့် Guidline များ အတိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်ကြံ့ခိုင်ကောင်း မွန်စေရေးဆောင်ရွက်နေစဉ် ကာလအတွင်း Control system အပိုင်းကိုလည်း စစ်ဆေးပြင် ဆင်ထားကြရန်လိုအပ် ကြောင်း၊ စက်ရုံပြန်လည်လည်ပတ်ပါက စက်စွမ်းအားပြည့်လည် ပတ်ထုတ်လုပ်နိုင်ရန် အရေးကြီးပါကြောင်း၊ စက်ရုံမှထွက်ရှိသော ရေနံဓာတ်ငွေ့ရည်ကို ပြည်သူများသို့ သက်သာလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက်  စီမံချက်များရေးဆွဲ ဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားသည်။

မကွေးတိုင်းဒေသကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ထောက် ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေ၊ မန်းရေနံမြေတို့မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ စွမ်းအင်ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး) မှ ထုတ်လုပ်သော ရေနံဓာတ် ငွေ့ရည်ကို ပြည်သူများသို့ သက်သာလွယ်ကူစွာ ဖြန့်ဖြူးပေးနိုင်ရေး  စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

သတင်းစဉ်