ပြည်ထောင်စုဝန်ကြီး ဦးလှမိုး  ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲနှင့် မိုးစပါးရာသီ စိုက်ပျိုးမှုလုပ်ငန်းအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၁၉

ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲနှင့် ဒေသခံတောင်သူများ၏ မိုး စပါးရာသီ စိုက်ပျိုးမှုလုပ်ငန်းအတွက် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာဆန်းစပါးစိုက် ပျိုးထုတ်လုပ်မှုလုပ်ငန်းများသမဝါယမအသင်း၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံတော်အစိုး ရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သမဝါယမအသင်းများ၊ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ နေပြည် တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ်ဖြင့် စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်နေမှုနှင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေး ရွာကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ 

စက်မှုလယ်ယာစနစ်ဖော်ဆောင်နိုင်ရန် သမဝါယမစနစ်ဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ စပါးစိုက်တောင်သူများအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းရရှိရန် အဓိကအရေး ကြီးဆုံးမှာ ကောင်းမွန်သော မျိုးကောင်းမျိုးသန့်ကို ရွေးချယ်ရန်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်ကောင်စီနယ် မြေအတွင်း နွေစပါးနှင့် မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် မျိုးကောင်းမျိုးသန့်များရရှိမှု အခြေအနေများ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တစ်နိုင်ငံ လုံး မျိုးလိုအပ်ချက်၊ ထုတ်လုပ်နိုင်မှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ၊ ရာသီဥတု နှင့် လိုက်လျောညီထွေဖြစ်မည့် မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ နည်းပ ညာဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ကျေးရွာရှိ ဒေသခံတောင်သူကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုးစပါးထုတ်လုပ်မည့် တောင်သူများသို့ မိုးစပါးရာသီ စိုက်ပျိုးမှုလုပ်ငန်းအတွက် သွင်းအားစုများ ဖြစ်သည့် မျိုးစေ့၊ ဓါတ်မြေဩဇာများကို တောင်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်