ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ သမဝါယမအသင်းပိုင် ဆီစက်အား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

 

နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ကျေးရွာ (၉) ရွာ၊ အိမ်ထောင်စု (၁၃၅၁) စု၊ စိုက်ဧကပေါင်း (၁၇၁၀ ဒသမ ၀၉) ဧကမှ သမဝါယမအသင်းသား တောင်သူများစိုက်ပျိုးသည့် ဆီထွက်သီးနှံများနှင့်  ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်း သား (၅၄) ဦး၊ အသင်းသားပိုင် စိုက်ပျိုးဧက (၂၀၂ ဒသမ ၅) ဧကအနက်  စိုက်ဧက (၆၈) ဧကမှ စိုက်ပျိုးထွက်ရှိသော ဆီထွက်သီးနှံများအား အသင်းပိုင် ဆီကြိတ်ခွဲစက်ဖြင့်  ကြိတ်ခွဲပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ လုပ်ငန်းဆောင်ရွက်နေမှုများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ဆီးထွက်သီးနှံများ တိုးချဲ့စိုက် ပျိုး ထုတ်လုပ်နိုင်ရေး မူဝါဒများချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ စားအုန်း ဆီသွင်းကုန် အစားထိုးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်လည်ပတ်နိုင် ရေးအတွက် လိုအပ်သော အဓိကကုန်ကြမ်းများဖြစ်သည့် နေကြာ၊ ပဲ၊ နှမ်း ရရှိရေး ဆီထွက်သီး နှံစိုက်တောင်သူများနှင့်ချိတ်ဆက်၍ အကျိုးတူလယ်ယာ စနစ် (Contract Farming) ဖြင့် ဆောင် ရွက်ကြရန်၊ ဆီကြိတ်ခွဲစက် မှတ်ပုံတင်ရရှိရေး၊ အရည် အသွေးစစ်ဆေးရေးတို့အတွက် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ သမဝါယမအသင်း သားများ၏ အစုပေါ်အမြတ်ငွေများ တိုးပွား ရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုများကို သမဝါယမ အသင်း များက ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက် ကြရန်၊ ကျေးရွာအုပ်စုအတွင်း မြေပဲ၊ နေကြာ၊ နှမ်းစသည့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန်၊ အခြားကျေးရွာအုပ်စုများကပါ လာရောက်ကြိတ်ခွဲနိုင်ရေး အသိပေးဆောင်ရွက်သွားရန်နှင့် လိုအပ် သည့် ပံ့ပိုးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဟု မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)