ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား LAOSAT Company Limited မှ CEO နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်     ဧပြီ      ၆

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား LAOSAT Company Limited မှ Chief Executive Officer - CEO Mr. Wu Fang Jie ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမသို့ လာရောက် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

သတင်းစဉ်