နေပြည်တော် ဇွန် ၁
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့မှ ၂၀၂၆ ခုနှစ် မေလတွင် ကျောင်းဆင်းသည့် ကျောင်းသား ကျောင်းသူ ၆၁ ဦးနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ သက်ဆိုင်ရာဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းခွင်ဝင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အလုပ်တာဝန်အပေါ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ကိုယ်ရောက်ရှိရာဒေသရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများကို စေတနာထား ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ကျောင်းဆင်းဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


