ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုမိတ်ဆုံစားပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၃ 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုမိတ်ဆုံ စားပွဲနှင့် ကံစမ်းမဲဖောက်ခြင်း အစီအစဉ်များကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၆ ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရေတပြင်တည်းအတူတကွ သုံးဆောင်သည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် စွမ်းအင်ဝန်ကြီးဌာနမှဝန်ထမ်းများကို ဂုဏ်ပြုလက်ဆောင်များပေးအပ် ခြင်း၊ ကံစမ်းမဲများနှိုက်၍ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်