ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်   ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပဲခူးမြစ်ကူးတံတား ( သန်လျင်တံတား အမှတ် - ၃ ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး 

နေပြည်တော် ဒီဇင်ဘာ ၂၇
    
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား (သန်လျင် တံတား အမှတ်-၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
    
ဦးစွာ တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကောင်းချိုက တံတားနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
    
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည် အသွေးကောင်းမွန်ရေးသည် မိမိတို့၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတို့တက်ရေးအတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ မွေးထုတ်ပြုစုပျိုးထောင်ပေးရန် လိုပါ ကြောင်း၊ တည်ဆောက်ရေးအပိုင်းတွင် အဓိကကျသည့် ဒီဇိုင်းပညာရပ်များကို ဌာနရှိ ဝန်ထမ်းဖြင့် တိုးတက်အောင် ဆောင်ရွက်ရန်လိုပါကြောင်း ၊ ယခုတံတားတည်ဆောက်ရေးစီမံကိန်းတွင် ပါဝင် ဆောင်ရွက်နေကြသော ဌာနမှ ဝန်ထမ်းအင်ဂျင်နီယာများအနေဖြင့် အဆင့်မြင့်တံတား တည်ဆောက် ခြင်း နည်းပညာရပ်များကို လုပ်ငန်းခွင်မှ လေ့လာသင်ယူ၍ လူ့စွမ်းအားအရင်းအမြစ် မြင့်မားလာအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက လမ်းပန်း ဆက် သွယ်ရေး လွယ်ကူချောမွေ့စေပြီး ယာဉ်ကြောပိတ်ဆို့မှု လျော့နည်း သွားမည် ဖြစ်ပါကြောင်း ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့်  သတ်မှတ်အချိန်အတွင်း ပြီးစီး ရေး၊  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဘက်ခြမ်း တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း P.C Box Girder ထုတ်လုပ်နေမှုအခြေအနေကို လည်းကောင်း ၊ သန်လျင်ဘက် ခြမ်းသို့ သွားရောက်၍ ချဉ်းကပ်တံတားနှင့် ရေလယ်တိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု ၊ လွန်းထိုး ခြင်း   (Launching)   နည်းပညာကို   အသုံးပြု၍   P.C  Box  Girder   များ  တပ်ဆင်နေမှုတို့ကို ကွင်း ဆင်း ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးအပိုင်းတွင် အရေးကြီးသလို အရည်အသွေးထိန်းသိမ်း ရေးအပိုင်းကိုလည်း အဓိကထား လုပ်ဆောင်ရန် လိုအပ်ကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
    
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ကာ ပဲခူးမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ၊ သံမဏိကြိုးဆိုင်း ၊ သံမဏိယက္မတို့ဖြင့် တည်ဆောက် ထားပြီး တံတားအရှည် (၈၆၃၉) ပေ ၊ ပင်မတံတားအရှည် (၄၀၁၆) ပေ ၊ ဆင်ခြေလျော တံတား အရှည် (၃၇၈)ပေ ၊ ချဉ်းကပ်တံတားအရှည် (၂၆၄၈) ပေ ၊ ပင်မတံတားအကျယ် (၇၅)ပေ ယာဉ်လေးလမ်း သွား ဖြစ်ပြီး တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း (၇၅) တန်ဖြစ်သည် ။ ယခုအခါ တံတားတစ်စင်းလုံး (၇၀ ရာခိုနှုန်း) ပြီးစီးနေပြီး တံတားလုပ်ငန်းများ ၂၀၂၄ ခုနှစ် မေလအတွင်း ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိသည်။
    
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့ နယ်၊ ကမာကြည်လမ်း ၊ သုဝဏ္ဏရှိ တံတားဦးစီးဌာန ၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲရုံး ၊ ဓါတ်ခွဲ ခန်းများကို ကြည့်ရှုစစ်ဆေးပြီး ဓါတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းရန်နှင့် လုပ်ငန်းခွင် အတွင်း ထိထိရောက်ရောက်အသုံးပြုရန်တို့ကို တာဝန်ရှိသူများကို မှာကြားသည်။

(သတင်းစဉ်)