ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်  မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire  နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ 

နေပြည်တော် ဒီဇင်ဘာ ၂၇
    
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့် အဖွဲ့ကို  ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
    
တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအနေဖြင့် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ ၍ အပြန်အလှန် ဗီဇာကင်း လွတ်ခွင့်ဖြင့် နှစ်နိုင်ငံဝင်ထွက်သွားလာမှု၊ မြန်မာနိုင်ငံသို့ ရောက် ရှိနေသည့် နီပေါနိုင်ငံသားများနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန် ဆက်သွယ်ဆောင် ရွက်နိုင်မည့် လုပ်ငန်းအခြေ အနေများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)