ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ အိမ်ထောင်စုလူဦးရေစာရင်းများ e-ID Software ဖြင့် ဖြည့်သွင်း စိစစ် အတည်ပြုဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး 

နေပြည်တော်  ဧပြီ ၂၉ 

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ရောက်ရှိပြီး  ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းတစ်အိမ် တက်ဆင်း လူဦးရေစာရင်း ကောက်ယူခဲ့သည့် အချက်အလက်များကို သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် တိုက်ဆိုင်စိစစ်အတည်ပြု၍ နေပြည်တော်ရုံးချုပ်ရှိ Serverအတွင်း e-ID Sofrware ဖြင့် အချက်အလက်များ ပြင်ဆင် ဖြည့်သွင်းဆောင်မှုများကိုကြည့်ရှု အားပေးပြီး တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ယခုဆောင်ရွက်နေသည့် လုပ်ငန်းသည် မဲဆန္ဒရှင်စာရင်း မှန်ကန်စွာပြုစုနိုင်ရန် တိကျမှန်ကန်သည့် လူဦးရေစာရင်းရရှိစေရေး ဆောင်ရွက်ခြင်းဖြစ်သဖြင့် နိုင်ငံအတွက်အရေးကြီးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရရှိသည့် အိမ် ထောင်စုဆိုင်ရာအချက်အလက်များကို e-ID Software ဖြင့်ချိတ်ဆက်၍ အချက်အလက်ပြင် ဆင် ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းကိုမြို့နယ်အလိုက်အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်းနှင့် တိကျမှန်ကန်သော အချက်အလက်များဖြစ်စေရေးအတွက် စနစ်တကျ အလေးဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း က မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းများကို  e-ID Software ဖြင့် ဖြည့်သွင်း စိစစ် ပြင်ဆင်ဖြည့်စွက်အတည်ပြု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ် အစိုးရနည်းပညာအထက်တန်း ကျောင်း(အင်းစိန်)သို့ရောက်ရှိပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် အိမ်ထောင်စုလူဦး ရေစာရင်း အချက်အလက်များကို e-ID စနစ်ဖြင့် Online မှ တစ်ဆင့် နေပြည်တော်ရုံးချုပ် Server သို့ တိုက်ဆိုင်စိစစ် ပြင်ဆင်အတည်ပြု ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အဓိကကျသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် တိကျမှန်ကန်သော လူဦးရေစာရင်း ရရှိ စေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူ ရေးလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက် အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း (၂၀) ရက် သတ်မှတ်ဆောင်ရွက်ခဲ့ရာ မြို့နယ်များ၌ ကောက်ယူ ရရှိသည့် အိမ်ထောင်စုစာရင်းများမှ လူတစ်ဦးချင်းစီ၏ အချက်အလက်များကို ရုံးလက်ခံ စာရင်း များဖြင့် တိုက်ဆိုင်စိစစ်၍ e-ID Software ဖြင့် နေပြည်တော်ရုံးချုပ် Server သို့ e-ID Software ဖြင့် ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်