ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ  အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

 

နေပြည်တော်၊ စက်တင်ဘာ ၂၁      
                 
၂၀၂၅ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌  အားကစား နှင့်ကာယပညာ သိပ္ပံကျောင်းများမှ စံချိန်စံညွှန်း ကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများကိုထည့်သွင်း ရွေးချယ်ရန် စီစဉ်ထားရှိပါကြောင်း၊ အလားအလာ ရှိသောသူများကိုလည်း အတွေ့အကြုံရရှိစေရန် လေ့လာသူများအဖြစ် ရွေးချယ်သွားရန် လျာထားကြောင်း ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံက ယနေ့မွန်းလွဲပိုင်းတွင်  အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) စားရိပ်သာဆောင်၌ သင်တန်းသား/ သင်တန်းသူများနှင့် နေ့လယ်စာ အတူတကွ စားသုံးစဉ်ပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြေားကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက်ငွေကျပ် (၈၃၄၁၁၂၅/-) တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်း (၆) မျိုး ထောက်ပံ့ပေးအပ်ရာ အားကစားနှင့်ကာပညာသိပ္ပံ (ရန်ကုန်) အရာထမ်း၊ အမှုထမ်းများကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများကလည်းကောင်း လက်ခံရယူခဲ့ကြသည်။    

 

mdn

 

ထို့နောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ဦးမျိုးသူရက ကျောင်းအကျိုးတော်ဆောင်အဖွဲ့သို့ အလှူငွေကျပ် (၅၃၆၉၀၀၀/-) ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်  ဦးဌေးအောင် က အလှူငွေလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်သည်။

ယင်းနောက်  တက္ကသိုလ်ဝင်တမ်းစာမေးပွဲ အောင်ချက်မြင့်မားရေး အထောက်အကူ ဖြစ်စေရန်အတွက် ဗလာစာအုပ် (၃၄၃) ဒါဇင်ကို အားကစားနှင့် ပညာရေးပေါင်းစပ် အထက်တန်းကျောင်းသို့ ထောက်ပံ့ ပေးအပ်ရာ ကျောင်အုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက လက်ခံရယူခဲ့ကြောင်းသိရသည်။

သတင်းစဉ်