ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းစီးဆင်းမှု၊ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှုအခြေအနေ၊ မြစ်ကမ်းပါးဝဲ၊ ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၏ မြောက်ဘက်(၅)မိုင်ခန့်အကွာရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းစီးဆင်းမှုအခြေအနေ၊ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှုအခြေအနေ၊ မြစ်ကမ်းပါးဝဲ၊ ယာ မြေမျက်နှာသွင်ပြင်ဘူမိဗေဒအခြေအနေ၊ ရေတားတမံများအခြေအနေနှင့် ကမ်းပြိုမှုအခြေ အနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၏ မြောက်ဘက်(၅)မိုင်ခန့် အကွာ ဖောင်ဆိပ်ကျေးရွာနှင့် ကျောက်ရဲကျေးရွာကြားရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ် နေရာသို့ရောက်ရှိရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြစ်ပြင်အကျယ်၊ ရေစီး နှုန်း၊ ရေစီးထုထည်၊ မြစ်ရေအနက်၊ တာတမံများဖို့၍ ထိန်းသိမ်းထားမှု၊ မြစ်ကမ်းများ အခြေအနေနှင့် ပင်လယ်ရေငံရောက်ရှိမှု အခြေအနေများကိုလည်းကောင်း၊   ရေအားလျှပ် စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ဧရာဝတီမြစ် ဝှမ်းဆိုင်ရာ အချက်အလက်များ၊ ဟင်္သာတမြို့အနီးရှိ  ဧရာဝတီမြစ်၏ရေလမ်းကြောင်း၊ ရေ မျက်နှာပြင်အနိမ့်အမြင့်ကွာခြားချက်၊ ရေအတိမ်အနက်နှင့် ယခင်လေ့လာဆန်းစစ်ခဲ့သော ဧရာဝတီမြစ်နေရာများနှင့် နှိုင်းယှဉ်လေ့လာတွေ့ရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေရာ(၅)နေရာတွင် အခြေအနေများကို ကြည့်ရှုခဲ့ပြီးဖြစ်သည့်အတွက် အကြိုစူး စမ်းလေ့လာမှုများဆောင်ရွက်ရန် သင့်လျော်သည့်နေရာများတွင် ဧရာဝတီမြစ်ကြောင်းပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်း ကျင်  သက်ရောက်နိုင်မှုများအပေါ်အခြေခံ၍ အသေးစိတ် စူးစမ်းလေ့လာမှုများကို ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှု၊ မြစ်ကမ်းပါးရေတိုက်စားမှု၊ ရေတား တမံများအပေါ် အကြိုးသက်ရောက်မှုများအပြင် မြစ်အတွင်းသွားလာလျက်ရှိသည့် ရေယာဉ်များ၏အရွယ်အစား၊ အမျိုးအစား၊ ရေယာဉ်အရေအတွက်စသည့် အချက်အလက် များကိုပါ စဉ်ဆက်မပြတ်လေ့လာ သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်လှေဖြင့် ဧရာဝတီမြစ်အတွင်း လှည့်လည်ပြီး ဧရာဝတီမြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊ မြစ်ကြောင်းအတွင်း အနည်ပို့ချ နှုန်းနှင့် သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါးဝဲ၊ ယာရှိ ဘူမိဗေဒအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်