တောင်ကြီး ဇူလိုင် ၁၄
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် သက်မွေးပညာသင်တန်းများဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်း ဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကား ပြောကြားကြပြီး ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် အတူ သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ပစ္စည်းများ၊ သင်တန်း ဆရာ ဆရာမများအား ဂုဏ်ပြု လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ သင်တန်းသား သင်တန်းသူများ၏ ရိုးရာအဝတ် အထည်များ၊ မုန့်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


