ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၂၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်း အဝေးများနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ရန် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လွမ်ပရာဘွမ်မြို့သို့ ထွက်ခွာ

ရန်ကုန်  ဧပြီ ၂ 

 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွမ်ပရာဘမ် မြို့တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီး များအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့်ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Asia လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများက လေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။

 

(၂၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ဆွေးနွေးပွဲ များအား ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ယူ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)