ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဧပြီ   ၆

 

နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့်   မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး  မစ္စ အင်ဒရီရာ ဖော့ခ်နာအား  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် သံအမတ်ကြီး တာဝန်ထမ်းဆောင် စဉ်ကာလအတွင်း   ဆောင်ရွက်ခဲ့သည့်   မြန်မာ-ဩစတြေးလျနှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ဒေသတွင်း အခြေအနေများအပေါ်  ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

သတင်းစဉ်